
၂၀၁၀ ခုနှစ်ရဲ့ ပြည်ထောင်စုနေ့ကိုတော့ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ပါဘူး။
မီးမီးတို့ MNSST အဖွဲ့သားတွေ ပျော်ရွှင်စွာ ခရီးဆန့်ခဲ့တဲ့ အမှတ်တရလေးတွေပါ။ တော်တော်လေးပျော်ရွှင်ခဲ့ရပါတယ်။ မီးမီးတို့က အဲဒီနေ့မှာပဲခူးဘုရားဖူးဆိုပြီး လာကြတာ။
တိုက်တိုက်ဆိုင်ဆိုင် မီးမီးချစ်သူနဲ့လည်း ရွှေသာလျောင်းဘုရားပေါ်မှာ ဆုံးခဲ့ရပါသေးတယ်။ ပထမ မသွားခင်နေ့က ချစ်သူနဲ့ စကားများရပါသေးတယ်။ သူနဲ့ မလိုက်လို့၊ ကိုယ်နဲ့ မလိုက်လို့နဲ့ပေါ့။ သူလည်း သူရုံးကလူတွေနဲ့ လာခဲ့တာလေ၊ ရွှေမော်ဓောဘုရားနားက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို လာတာ။ ဆုံရမယ်မထင်တော့တဲ့အချိန်မှာ ဆုံလိုက်ရတော့ အရမ်းအံ့သြပြီး ပျော်ရွှင်မိပါတယ်။ အစ်မတွေနဲ့ တစ်လမ်းလုံးသီချင်းတွေ ဆိုရင်းလည်းပျော်ခဲ့ရပေမယ့် ချစ်သူနဲ့ မတွေ့တော့ဘဲ ပြန်လာရမယ်ဆိုရင်တော့ မီးမီးရဲ့ အပျော်က တစ်ဝက်တစ်ပျက်လေးဖြစ်နေမှာပါ။ မီးမီးရဲ့ စိတ်ကိုလည်း ကိုယ်ကိုယ်ကို ပြန်မြင်လာရပါတယ်။ ဒါပေမဲ့ မီးမီးရဲ့ ဆန္ဒတွေ အမှတ်မထင်ပြည့်ဝခဲ့ရတဲ့ ဒီနေ့လေးဟာ ၂၀၁၀ ခုနှစ်ရဲ့ ပထမဆုံးအမှတ်တရနေ့လေးပါ။ ဒီခရီးလေးကို သွားဖြစ်ခဲ့စေတဲ့ ချစ်သောဆရာမများနဲ့ အစ်မတွေကိုလည်း ကျေးဇူးတင်မိပါတယ်။ ဒီဓာတ်ပုံလေးကို အမှတ်တရရိုက်ပေးတဲ့ သူငယ်ချင်းလေးတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ဒီခရီးစဉ်လေးကအပြန်မှာတော့ ချစ်သူနဲ့မီးမီးလေးရဲ့ ကံကြမ္မာတိုက်ဆိုင်မှုကို လက်ခံလာမိပါတယ်.....
4 comments:
နင်တို့ကံက တော်ရုံတိုက်ဆိုင်တာမဟုတ်ဘူးနော်။ တော်တော်ကို နင်တို့ေ၇စက်ပါတယ်။ အားကျတယ်ဟာ။
ဒီ့ထက်မက ပိုပျော်ရွှင်ပါစေလို့ငါဆုတောင်းပေးတယ်နော်။
ဟိ ငါ့ကိုလည်းဆုတောင်းပေးဦး
ကျေးဇူးပါ သူငယ်ချင်းလေးရယ်
နင်ကိုလည်း ငါ့ထက် ပိုပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်
တိုက်ဆိုင်မှုမှသည် ဆုံဆည်းမှုဆီသို့ ပျော်ရွှင်ချမ်းမြေ့စွာ သွားနိုင်ပါစေ။
hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog
Post a Comment