Wednesday, October 1, 2008

ငါ့ရဲ့ ပန်းတိုင်


မင်းလေးအတွက်ပေါ့
ဦးနှောက်ကို အိပ်စက်ချိန်တောင်
အနားမပေးဖြစ်ခဲ့
မပီဝိုးတ၀ါးအိမ်မက်တွေဘဲ ညစဉ်ဆက်ခဲ့

မင်းလေးအတွက်ပေါ့
ငါ့ စွမ်းဆောင်နိုင်စွမ်းကုန်ချိန်တောင်
ဇွဲမလျော့နိုင်ခဲ့
ကိုယ့် ကိုယ်ကိုအပြစ်တင်ခြင်းတွေနဲ့

မင်းလေးအတွက်ပေါ့
လိုအပ်ချိန်တိုင်း ရှိနေနိုင်တာတောင်
အသုံးမ၀င်နိုင်ခဲ့
ငါ တကယ် ရောင်းတန်းမ၀င်သူလား... အမေးတွေနဲ့

မင်းလေးအတွက်ပေါ့
ရေကုန်ရေခန်း ရုန်းကန်ရင်းတောင်
မနီးစပ်ခဲ့
ဆေးရောင်စုံ ဘ၀ရှင်သန်ခြင်းတွေနဲ့

မင်းရဲ့ မျက်ဝန်းစိမ်းအခြံအရံတွေကို
တစ်စိတ်လောက် ဖျောင်းဖျပေးပါ
ပြေးနေသူရယ်
ဒီမှာ..သေလုလု အဝေးက
လိုက်ရသူ ငါ့အတွက် ..။ ။