Thursday, January 31, 2008

ဘာကအဖြေဖြစ်လိမ့်မလဲ

တိမ်လိုလွှင့်နေတဲ့အတွေးမဲ့လူသား
သင်ရဲ့စံညွှန်းက
ရေချိန်ဘယ်လောက်များလဲ၊
သင်က...
ဘာအတွက်ဒီလောက်.......
အဓိပ္ပာယ်မဲ့နေတာလဲ၊

သင်ကိုအချိန်တွေက
နှောင့်ယှက်လိုက်ခြင်းလား၊
သင်ကိုဘယ်အရာက
ကယ်တင်နိုင်မလဲ ဖြစ်နိုင်မလား၊
သင်ကိုဘယ်အရာကများ
လွှမ်းမိုးနိုင်သလဲ၊

သင်က
ဒီလိုအဓိပ္ပာယ်မဲ့မှုကိုဘဲ
မျှော်လင့်ထားတာလား။
ဒါမှမဟုတ်
မမျှော်လင့်ရဲတော့တာလား
မမျှော်လင့်ချင်တော့တာလား။

နားမလည်သလို
နားလည်သလိုနဲ့
ဘာကအဖြေလဲ။








Powered by ScribeFire.

No comments: