Tuesday, December 18, 2007

မမြင်နိုင်တဲ့အရှုံး

ညအမှောင် လရောင်အောက်မှာ
ကလေးတစ်ယောက် ငိုနေတယ်
လရောင်ရဲ့ လှပအေးမြမှုကို
ခိုးကြောင်ခိုးဝှက် ကြည့်နေရတဲ့ဘဝ
သွားစမ်းပါ မလိုချင်ဘူး။
မွေ့ယာထူထူထက်က
ဆူးကြမ်းည အိမ်မက်တွေ
သွားစမ်းပါ မမက်ပါရစေနဲ့
တောင့်တတိုင်းသာဖြစ်မယ်ဆိုရင်
ဘာကိုမှ မတပ်မက်ချင်ဘူး။
ရင်မောရတဲ့
ငိုကြွေးခြင်းတွေ ရပ်တန့်စေချင်တယ်။



Powered by ScribeFire.

1 comment:

Cypher said...

ညအမှောင် ဘက်ထရီမီးရောင်အောက်မှာ
ကလေးတစ်ယောက် ငိုနေတယ်
တီဗွီကြော်ငြာထဲက ကံစမ်းမဲပါတဲ့မုန့် စားချင်လို့တဲ့
မက်လောက်စရာ ပေါက်မဲတွေနဲ့
အများစု "ကျေးဇူးတင်ပါသည်"ကို
သွားစမ်းပါ မလိုချင်ဘူး။

ခုန်ဖိနပ်ထူထူအောက်က
ကြမ်းရှရှ ကတ္တရာလမ်းပေါ်
သွားစမ်းပါ မလျှောက်ပါရစေနဲ့
တမ်းတတိုင်းသာဖြစ်မယ်ဆိုရင်
စံအိမ်ကို စိန်နဲ့မွှန်းလိုက်ချင်အခု။

စိတ်မောရတဲ့
ဘတ်စ်ကားစီးခရီးသည်ဘ၀ကို ရပ်တန့်လိုက်ချင်ပြီ။ ။