Wednesday, November 28, 2007

အစဉ်ကောင်းကြစေချင်

“ သင်ကောင်းလျှင် ကျွန်ုပ်သင့်အပေါ်မဆိုးပါ ” ဟုသော အဆိုကို သူတော်ကောင်းတို့ လက်မခံ။
“ သင်ကောင်းကောင်း၊ မကောင်းကောင်း၊ ကျွန်ုပ် သင့် အပေါ်အစဉ်ကောင်းမည် ” ဟူသောအဆိုကိုသာ သူတော်ကောင်း တို့လက်ခံသည် ။
အသျင်ခေမိဿရ (ချမ်းမြေ့ရိပ်သာ)
တစ်ဦးချင်းမှစ၍ ဆရာတော်၏ အဆိုအတိုင်းသာ လိုက်နာကျင့်ကြံနိုင်ကြမည်ဆိုလျှင် ကမ္ဘာလောက တစ်ခုလုံး အမုန်းရန်ငြိုးများကင်းကာ အစဉ်သာယာလှပနေပေလိမ့်မည်။ တစ်ဦးအပေါ် တစ်ဦး အဆိုးမြင် အပြစ်တင်ခြင်းများ ကင်းဝေးသွားပေမည်။ သက်ရောက်မှုရှိလျှင် တန်ပြန်သက်ရောက်မှုရှိသည် ဆိုသော ရူပဗေဒသဘောတရားအရ ကိုယ်သူတစ်ပါးအပေါ် ကောင်းသောစိတ်၊ ကောင်းသောအပြုအမူဖြင့် ဆက်ဆံခြင်း သည် ထိုသူကလည်း မိမိအပေါ်ကောင်းသော တုန့်ပြန်မှုရှိလာစေမည်ဖြစ်သည်။ မိမိဘက်ကသာ ကောင်းသောစေတနာစိတ် စတင်ထားရှိလိုက်ပါ။ သူ့အလိုလို အကောင်းဘက်သို့ ဦးတည်သွားပါသည်။ ထိုအခါ သာယာလှပသော၊ ငြိမ်းချမ်းသောလူ့ဘောင်ကြီး ဖြစ်လာပေမည်။ မိမိကိုယ်တိုင်အနေဖြင့်လည်း မိမိပတ်ဝန်းကျင်ကို သာယာလှပစေရန် စတင်စွမ်းဆောင်နိုင်သူအဖြစ် ကျေနပ်နှစ်သိမ့်နိုင်သည်။ ထို့ကြောင့် စိတ်ကောင်းစေတနာသည် မိမိကိုယ်တိုင်ကို ဦးစွာကောင်းကျိုးပေးထင်ဟပ်စေသည်မှာ ဧကန်မလွဲပင်ဖြစ်သည်။ လူသားတို့သည် မိမိ၏ အကျိုးအတွက်ပင် သူတစ်ပါးအပေါ် အစဉ်ကောင်းစွာပြုမူသင့်ပေသည်။

2 comments:

Zarli said...

All should accept this idea. This is a nobel spirit.
Let we share it to all.Let we participate now!

ခင်ပုလဲဖြူ said...

Congratulations!
Your idea is strange and become the new idea.
So I like this sharing thoughts.
Try go ahead.
I'm always your audience.