Thursday, January 31, 2008

ဘာကအဖြေဖြစ်လိမ့်မလဲ

တိမ်လိုလွှင့်နေတဲ့အတွေးမဲ့လူသား
သင်ရဲ့စံညွှန်းက
ရေချိန်ဘယ်လောက်များလဲ၊
သင်က...
ဘာအတွက်ဒီလောက်.......
အဓိပ္ပာယ်မဲ့နေတာလဲ၊

သင်ကိုအချိန်တွေက
နှောင့်ယှက်လိုက်ခြင်းလား၊
သင်ကိုဘယ်အရာက
ကယ်တင်နိုင်မလဲ ဖြစ်နိုင်မလား၊
သင်ကိုဘယ်အရာကများ
လွှမ်းမိုးနိုင်သလဲ၊

သင်က
ဒီလိုအဓိပ္ပာယ်မဲ့မှုကိုဘဲ
မျှော်လင့်ထားတာလား။
ဒါမှမဟုတ်
မမျှော်လင့်ရဲတော့တာလား
မမျှော်လင့်ချင်တော့တာလား။

နားမလည်သလို
နားလည်သလိုနဲ့
ဘာကအဖြေလဲ။








Powered by ScribeFire.

ပေါင်းရခက်သူများနှင့် အဆင်ပြေနည်း(၄)

ပထမပိုင်းတွင် ကြည်ကြည်လင်လင် ရှိတတ်ပေမယ့်နောက်ပိုင်းမှာ ထိန်းချုပ်မှုလွတ်သွားတတ်တဲ့သူ၊ ဖိအားနည်းနည်းပေးလိုက် သည်နှင့် တုန်လှုပ်ခြောက်ခြားတတ်သူ၊ စိတ်မလုံမခြုံခံစားတတ်သူသည် ကြောက်ကန်ကန်တတ်သူများဖြစ်သည်။ အရာအားလုံးကို ၎င်း၏ ဒုက္ခများအဖြစ် ယူဆညည်းညူတတ်သည်။
ဒီလိုလူမျိုးတွေ ညည်းညူပြီးဗျစ်တောက်ဗျစ်တောက်ပြောနေရင် နားမထောင်သလို၊ ၀င်လည်းမပြာပါနဲ့။ သူမောပြီးရပ်သွားမှ ဘယ် အရာက သူ့ကို အမှန်တကယ်စိတ်အနှောင့်အယှက်ဖြစ်စေသည်ကို မေးပြီး ကူညီလိုအပ်က ကူညီပေးလိုကြောင်း၊ သူဆိုလို တဲ့အကြောင်းအရာသည် သူနဲ့မဆိုင်သလို၊ သူကိုထိခိုက်မည်မဟုတ်ကြောင်း၊ ၎င်း ယခုကဲ့သို့ ညည်းတွားနေခြင်းသည် တစ်ပါးသူ နားငြီးစိတ်နှောင့်အယှက်ဖြစ်ကြောင်း သဘောပေါက်အောင်ရှင်းပြပါ။


Powered by ScribeFire.

Wednesday, January 23, 2008

စိတ်ကူးရှင်ရဲ့တမ်းချင်း

တောင်တောင်အီအီ အကြည့်နဲ့
ကာရံညီညီ အလင်းသစ်တစ်ခုဖန်တီးချင်မိသူ
......
.........မှာတော့
တစ်ဝက်တစ်ပျက် အပြုံးနဲ့
ဖရိုဖရဲ ထန်းတဲအိမ်တစ်လုံး
......
ဒါဘဲလား
ဒါလောက်ဘဲလား

ဖန်တီးလိုစိတ်နဲ့
ရုန်းကန်ခဲ့ရသမျှ........

စိတ်ကူးအားလုံး အဝေးဆုံးလွှင့်ပစ်မိတော့မယ်။


Powered by ScribeFire.

Sunday, January 20, 2008

ပေါင်းရခက်သူများနှင့် အဆင်ပြေနည်း(၃)

ရန်လိုတတ်သူ၊ အော်ဟစ်ပြောဆိုတတ်သူသည် စဉ်းစားဆင်ခြင်ဥာဏ်ရှိသော်လည်း ဆုံးဖြတ်ချက်မြန်လွန်းသောကြောင့် အမှားအယွင်းများတတ်သည်။
၎င်းတို့နှင့်ဆက်ဆံရလျှင် မျက်ဝန်းချင်းရင်ဆိုင်ကြည့်ပြီး စကားပြောပါ။ ပျော့ညံ့သောပုံစံ၊ ဒေါသထွက်သောပုံစံ လုံးဝမပေါ်ပါစေနဲ့။
ယတိပြတ်ပြောဆိုလုပ်ဆောင်တတ်သူဖြစ်ကြောင်း ထင်ရှားပါစေ။ ကိုယိစကားပြောနေချိန်အတွင်း သူ့ကို စကားဖြတ်ပြောခြင်းမျိုး လုံးဝခွင့်မပြုပါနှင့်။


Powered by ScribeFire.

ပေါင်းရခက်သူများနှင့် အဆင်ပြေနည်း(၂)

အတ္တပုံရိပ်ညံ့ဖျင်းသူ၊ မလုံခြုံစိတ်ရှိသူသည် တစ်ဖက်သားကို
စိတ်မချမ်းသာအောင်၊ အဖျက်သဘောဝင်လာအောင် ပြုမူသွေးဆောင်တတ်သည်။
ထိုသို့သောလူများနှင့် ဆက်ဆံရလျှင် ၎င်းနှင့်အပြိုင်ငြင်းခုံခြင်း၊
၎င်း၏အယူအဆများကို လိုက်လျောလက်ခံပေးခြင်းမပြုဘဲ ယတိပြတ်စကားကိုသာ ပြောဆိုပါ။


Powered by ScribeFire.

ပေါင်းရခက်သူများနှင့် အဆင်ပြေနည်း(၁)

လူ့ကန့်လန့်၊ လူ့ဂွစာ၊ ကပ်တီးကပ်ဖဲ့နိုင်သူများနှင့်လူမှုစီးပွားနယ်ပယ်အသီးသီးတွင် ဆက်ဆံရလျှင် မိမိကလိုက်လျောညီထွေပြုမူ တတ်ပါက လူအများနှင့် အဆင်ပြေစွာဆက်ဆံနိုင်ပြီး အဆိုပါပေါင်သင်းရခက်သူများကိုပင် စည်းရုံးခေါင်းဆောင်နိုင်မည်ဖြစ်သည်။
အတ္တဆန်သူ၊ သူ့ကိုယ်သူကလွဲရင် တစ်ပါးသူရဲ့ခံစားချက်ကို အလေးမထားသူ၊ သဘောထားကို စိတ်မ၀င်စားသူသည် လူအများကြားတွင် သူ့ကိုယ်သူအမွှန်းတငိကာကျန်လူများကို အထင်သေးပုတ်ခတ်ပြောဆိုတတ်သည်။
ထိုသူများနှင့် ဆက်ဆံရေးအဆင်ပြေဖို့ရာမှာ ပထမဆုံးရက်ချိန်းတောင်းပါ။
-ကိုယ်ဟာသူ့အပေါ် အမြင်ကြည်လင်ကြောင်းပြပါ။
-ဘာကြောင့် ကိုယ်အကြောင်းမကောင်းပြောရတယ်ဆိုတာ ဖွင့်မေးပါ။ အတ္တကြီးသူဖြစ်တဲ့အတွက် သူ့အတ္တကိုမထိအောင် ရှောင် ပြောပါ။
-ဒီလိုပြောတာဟာ ကိုယ့်အတွက်ကိစ္စမရှိသော်လည်း အခြားသူများအနေဖြင့်မူ မကောင်းကြောင်း၊ သည်းခံလိမ့်မည်မဟုတ် ကြောင်း၊ ထိုအကျင့်ကိုပြင်သင့်ကြောင်း၊ မိမိကလည်း ကူညီပေးမည်ဖြစ်ကြောင်း နားဝင်အောင်ပြောကြားပါက ၎င်းအပေါ်မိမိ၏ စေတနာစိတ်၊ ခွင့်လွှတ်သည်းခံစိတ် ကိုနားလည်သဘောပေါက်ကာ အဆင်ပြေစွာ ၎င်းအားစည်းရုံးပြောဆိုနိုင်ပါသည်။



Powered by ScribeFire.

Tuesday, January 15, 2008

စိတ်ကျရောဂါတကယ်ဖြစ်နေပြီလား?

အောက်ပါအချက်များအနက် (၃) ခု နှင့်အထက် ဖြစ်နေလျှင် စိတ်ကျရောဂါခံစားနေရသည် ဟုဆိုနိုင်ပြီး နှစ်လ။ သုံးလအတွင်းမပျောကါလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပေသည်။
၁ - မနက်စောစောအိပ်ရာမှထဖို့ အခက်အခဲဖြစ်နေခြင်း
၂ - တစ်ခုခုတွင်အာရုံစိုက်မရဖြစ်နေခြင်း
၃ - မကြာသေးခင်က မိမိ အလေးထားသောမိသားစု၊ သူငယ်ချင်းတစ်ဦးဦး ဆုံးရှုံးထားခြင်း
၎ - ပုံမှန်စိတ်ဝင်စားသောကိစ္စများကိုပင် လုပ်ကိုင်ပတ်သက်ချင်စိတ်မရှိတော့ခြင်း
၅ - အစာစားချင်စိတ်မရှိခြင်း
၆ - အချိုစားချင်စိတ် ဆန္ဒဟာ အတော်ချင်တပ်၊ အငမ်းမရဖြစ်နေခြင်း
ရ - အကြောင်းမယ်မယ်ရရမရှိဘဲ မျက်ရည်လွယ်တတ်ခြင်း
၈ - ဘ၀မှာ နေပျော်စရာမရှိပါဘူး၊ ကိုယ်ရှိနေလို့လည်း အကြောင်းမထူးပါဘူး ဟုစဉ်းစားမိခြင်း တို့ဖြစ်သည်။
Source:Faces Magazine

Powered by ScribeFire.