Showing posts with label pyscology. Show all posts
Showing posts with label pyscology. Show all posts

Sunday, January 20, 2008

ပေါင်းရခက်သူများနှင့် အဆင်ပြေနည်း(၂)

အတ္တပုံရိပ်ညံ့ဖျင်းသူ၊ မလုံခြုံစိတ်ရှိသူသည် တစ်ဖက်သားကို
စိတ်မချမ်းသာအောင်၊ အဖျက်သဘောဝင်လာအောင် ပြုမူသွေးဆောင်တတ်သည်။
ထိုသို့သောလူများနှင့် ဆက်ဆံရလျှင် ၎င်းနှင့်အပြိုင်ငြင်းခုံခြင်း၊
၎င်း၏အယူအဆများကို လိုက်လျောလက်ခံပေးခြင်းမပြုဘဲ ယတိပြတ်စကားကိုသာ ပြောဆိုပါ။


Powered by ScribeFire.

ပေါင်းရခက်သူများနှင့် အဆင်ပြေနည်း(၁)

လူ့ကန့်လန့်၊ လူ့ဂွစာ၊ ကပ်တီးကပ်ဖဲ့နိုင်သူများနှင့်လူမှုစီးပွားနယ်ပယ်အသီးသီးတွင် ဆက်ဆံရလျှင် မိမိကလိုက်လျောညီထွေပြုမူ တတ်ပါက လူအများနှင့် အဆင်ပြေစွာဆက်ဆံနိုင်ပြီး အဆိုပါပေါင်သင်းရခက်သူများကိုပင် စည်းရုံးခေါင်းဆောင်နိုင်မည်ဖြစ်သည်။
အတ္တဆန်သူ၊ သူ့ကိုယ်သူကလွဲရင် တစ်ပါးသူရဲ့ခံစားချက်ကို အလေးမထားသူ၊ သဘောထားကို စိတ်မ၀င်စားသူသည် လူအများကြားတွင် သူ့ကိုယ်သူအမွှန်းတငိကာကျန်လူများကို အထင်သေးပုတ်ခတ်ပြောဆိုတတ်သည်။
ထိုသူများနှင့် ဆက်ဆံရေးအဆင်ပြေဖို့ရာမှာ ပထမဆုံးရက်ချိန်းတောင်းပါ။
-ကိုယ်ဟာသူ့အပေါ် အမြင်ကြည်လင်ကြောင်းပြပါ။
-ဘာကြောင့် ကိုယ်အကြောင်းမကောင်းပြောရတယ်ဆိုတာ ဖွင့်မေးပါ။ အတ္တကြီးသူဖြစ်တဲ့အတွက် သူ့အတ္တကိုမထိအောင် ရှောင် ပြောပါ။
-ဒီလိုပြောတာဟာ ကိုယ့်အတွက်ကိစ္စမရှိသော်လည်း အခြားသူများအနေဖြင့်မူ မကောင်းကြောင်း၊ သည်းခံလိမ့်မည်မဟုတ် ကြောင်း၊ ထိုအကျင့်ကိုပြင်သင့်ကြောင်း၊ မိမိကလည်း ကူညီပေးမည်ဖြစ်ကြောင်း နားဝင်အောင်ပြောကြားပါက ၎င်းအပေါ်မိမိ၏ စေတနာစိတ်၊ ခွင့်လွှတ်သည်းခံစိတ် ကိုနားလည်သဘောပေါက်ကာ အဆင်ပြေစွာ ၎င်းအားစည်းရုံးပြောဆိုနိုင်ပါသည်။



Powered by ScribeFire.