Showing posts with label Psychology. Show all posts
Showing posts with label Psychology. Show all posts

Thursday, January 31, 2008

ပေါင်းရခက်သူများနှင့် အဆင်ပြေနည်း(၄)

ပထမပိုင်းတွင် ကြည်ကြည်လင်လင် ရှိတတ်ပေမယ့်နောက်ပိုင်းမှာ ထိန်းချုပ်မှုလွတ်သွားတတ်တဲ့သူ၊ ဖိအားနည်းနည်းပေးလိုက် သည်နှင့် တုန်လှုပ်ခြောက်ခြားတတ်သူ၊ စိတ်မလုံမခြုံခံစားတတ်သူသည် ကြောက်ကန်ကန်တတ်သူများဖြစ်သည်။ အရာအားလုံးကို ၎င်း၏ ဒုက္ခများအဖြစ် ယူဆညည်းညူတတ်သည်။
ဒီလိုလူမျိုးတွေ ညည်းညူပြီးဗျစ်တောက်ဗျစ်တောက်ပြောနေရင် နားမထောင်သလို၊ ၀င်လည်းမပြာပါနဲ့။ သူမောပြီးရပ်သွားမှ ဘယ် အရာက သူ့ကို အမှန်တကယ်စိတ်အနှောင့်အယှက်ဖြစ်စေသည်ကို မေးပြီး ကူညီလိုအပ်က ကူညီပေးလိုကြောင်း၊ သူဆိုလို တဲ့အကြောင်းအရာသည် သူနဲ့မဆိုင်သလို၊ သူကိုထိခိုက်မည်မဟုတ်ကြောင်း၊ ၎င်း ယခုကဲ့သို့ ညည်းတွားနေခြင်းသည် တစ်ပါးသူ နားငြီးစိတ်နှောင့်အယှက်ဖြစ်ကြောင်း သဘောပေါက်အောင်ရှင်းပြပါ။


Powered by ScribeFire.

Sunday, January 20, 2008

ပေါင်းရခက်သူများနှင့် အဆင်ပြေနည်း(၃)

ရန်လိုတတ်သူ၊ အော်ဟစ်ပြောဆိုတတ်သူသည် စဉ်းစားဆင်ခြင်ဥာဏ်ရှိသော်လည်း ဆုံးဖြတ်ချက်မြန်လွန်းသောကြောင့် အမှားအယွင်းများတတ်သည်။
၎င်းတို့နှင့်ဆက်ဆံရလျှင် မျက်ဝန်းချင်းရင်ဆိုင်ကြည့်ပြီး စကားပြောပါ။ ပျော့ညံ့သောပုံစံ၊ ဒေါသထွက်သောပုံစံ လုံးဝမပေါ်ပါစေနဲ့။
ယတိပြတ်ပြောဆိုလုပ်ဆောင်တတ်သူဖြစ်ကြောင်း ထင်ရှားပါစေ။ ကိုယိစကားပြောနေချိန်အတွင်း သူ့ကို စကားဖြတ်ပြောခြင်းမျိုး လုံးဝခွင့်မပြုပါနှင့်။


Powered by ScribeFire.

Thursday, January 3, 2008

စိတ်ကျရောဂါနှင့် အချက်ပြရောဂါလက္ခဏာများ

နောင်လာမည့် အနှစ် ၂၀ ကာလအတွင်း စိတ်ကျရောဂါမှာ အနောက်နိုင်ငံများတွင် ဒုတိယအဖိစီးဆုံးရောဂါဖြစ်လာပေလိမ့်မည်ဟု ဟားဗတ် လူထုကျန်းမာရေးပညာတက္ကသိုလ်က ဟောကိန်းထုတ်ခဲ့သည်။ ယခုပင်လျှင် ၂၀ % မျှသော သြစတြေးလျလူကြီးများသည် သူတို့ဘ၀၌ တစ်ချိန် မဟုတ်တစ်ချိန်ဆိုသလို စိတ်ကျရောဂါခံစားရလိမ့်မည်ဖြစ်ပြီး ယင်းအနက် သုံးပုံတစ်ပုံမှာ အမျိုးသမီးများဖြစ်လိမ့်မည်ဖြစ်သည်။ စိတ်ကျဝေဒနာသည်များအနက် တစ်ဝက်သာလျှင် ကုသမှုအကူအညီတောင်းခံလိမ့်မည် ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အာဘော်အရ ဤမသိမသာစိမ့်ဝင် ကူးစက်တတ်သောရောဂါ၏ လက္ခဏာများမှာ-
- နှစ်ပတ်ကြာသည့်တိုင် ဘယ်လိုမှ ဖျောက်ဖျက်မရနိုင်သော ၀မ်းနည်းမှု
- ဘာမှလုပ်လိုကိုင်လိုစိတ် မရှိခြင်းနှင့်အတူ စိတ်ဝင်စားမှုမဲ့ခြင်း
- ယုံကြည်စိတ်ချမှုဆုံးရှုံးခြင်း
- အပြစ်စွဲစိတ်ခံစားချက်များ
- မရဏအတွေးများ
- အာရုံစူးစိုက်မှုပျက်စီးခြင်း
- အိပ်မပျော်ဖြစ်ခြင်း
- ခံတွင်းပျက်ခြင်း တို့ဖြစ်သည်။
Source : Digaryu Magazine

Powered by ScribeFire.