Showing posts with label Health. Show all posts
Showing posts with label Health. Show all posts

Tuesday, January 15, 2008

စိတ်ကျရောဂါတကယ်ဖြစ်နေပြီလား?

အောက်ပါအချက်များအနက် (၃) ခု နှင့်အထက် ဖြစ်နေလျှင် စိတ်ကျရောဂါခံစားနေရသည် ဟုဆိုနိုင်ပြီး နှစ်လ။ သုံးလအတွင်းမပျောကါလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပေသည်။
၁ - မနက်စောစောအိပ်ရာမှထဖို့ အခက်အခဲဖြစ်နေခြင်း
၂ - တစ်ခုခုတွင်အာရုံစိုက်မရဖြစ်နေခြင်း
၃ - မကြာသေးခင်က မိမိ အလေးထားသောမိသားစု၊ သူငယ်ချင်းတစ်ဦးဦး ဆုံးရှုံးထားခြင်း
၎ - ပုံမှန်စိတ်ဝင်စားသောကိစ္စများကိုပင် လုပ်ကိုင်ပတ်သက်ချင်စိတ်မရှိတော့ခြင်း
၅ - အစာစားချင်စိတ်မရှိခြင်း
၆ - အချိုစားချင်စိတ် ဆန္ဒဟာ အတော်ချင်တပ်၊ အငမ်းမရဖြစ်နေခြင်း
ရ - အကြောင်းမယ်မယ်ရရမရှိဘဲ မျက်ရည်လွယ်တတ်ခြင်း
၈ - ဘ၀မှာ နေပျော်စရာမရှိပါဘူး၊ ကိုယ်ရှိနေလို့လည်း အကြောင်းမထူးပါဘူး ဟုစဉ်းစားမိခြင်း တို့ဖြစ်သည်။
Source:Faces Magazine

Powered by ScribeFire.

Thursday, January 3, 2008

စိတ်ကျရောဂါနှင့် အချက်ပြရောဂါလက္ခဏာများ

နောင်လာမည့် အနှစ် ၂၀ ကာလအတွင်း စိတ်ကျရောဂါမှာ အနောက်နိုင်ငံများတွင် ဒုတိယအဖိစီးဆုံးရောဂါဖြစ်လာပေလိမ့်မည်ဟု ဟားဗတ် လူထုကျန်းမာရေးပညာတက္ကသိုလ်က ဟောကိန်းထုတ်ခဲ့သည်။ ယခုပင်လျှင် ၂၀ % မျှသော သြစတြေးလျလူကြီးများသည် သူတို့ဘ၀၌ တစ်ချိန် မဟုတ်တစ်ချိန်ဆိုသလို စိတ်ကျရောဂါခံစားရလိမ့်မည်ဖြစ်ပြီး ယင်းအနက် သုံးပုံတစ်ပုံမှာ အမျိုးသမီးများဖြစ်လိမ့်မည်ဖြစ်သည်။ စိတ်ကျဝေဒနာသည်များအနက် တစ်ဝက်သာလျှင် ကုသမှုအကူအညီတောင်းခံလိမ့်မည် ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အာဘော်အရ ဤမသိမသာစိမ့်ဝင် ကူးစက်တတ်သောရောဂါ၏ လက္ခဏာများမှာ-
- နှစ်ပတ်ကြာသည့်တိုင် ဘယ်လိုမှ ဖျောက်ဖျက်မရနိုင်သော ၀မ်းနည်းမှု
- ဘာမှလုပ်လိုကိုင်လိုစိတ် မရှိခြင်းနှင့်အတူ စိတ်ဝင်စားမှုမဲ့ခြင်း
- ယုံကြည်စိတ်ချမှုဆုံးရှုံးခြင်း
- အပြစ်စွဲစိတ်ခံစားချက်များ
- မရဏအတွေးများ
- အာရုံစူးစိုက်မှုပျက်စီးခြင်း
- အိပ်မပျော်ဖြစ်ခြင်း
- ခံတွင်းပျက်ခြင်း တို့ဖြစ်သည်။
Source : Digaryu Magazine

Powered by ScribeFire.