Showing posts with label biology. Show all posts
Showing posts with label biology. Show all posts

Wednesday, January 2, 2008

စိတ်တွက်သင်္ချာမှာ လူ နဲ့ မျောက် တန်းတူညီ

နှုတ်အားဖြင့် မဟုတ်ဘဲ စိတ်နှင့်ဆိုင်သည့် တွက်ချက်မှုများကို ဆောင်ရွက်ရာတွင် မျောက်များသည် ကောလိပါကျောင်းသားများ နည်းတူ ဆောင်ရွက်နိုင်ကြောင်း အမေရိကန်သုတေသီများက ၎င်းတို့၏လေ့လာတွေ့ရှိချက်များအရ ကိုးကားပြောကြားခဲ့သည်။

ဒျူစ့်တက္ကသိုလ်မှ သုတေသီ၏အဆိုနှင့် ယခုလစောစောပိုင်း ဂျပန်သုတေသီများ၏ လေ့လာတွေ့ရှိချက်များအရ မှတ်ဥာဏ်နှင့်ဆိုင် သည့် ကစားနည်းများတွင် ချင်ပန်ဇီမျောက်များ၏နားသည့် အရွယ်ရောက်သူလူသားများထက်ပို၍ သာလွန်အောင်ဆောင်ရွက်နိုင် သည်ဟုဆိုသည်။

စောစောပိုင်းလေ့လာတွေ့ရှိမှုများအရ လူဝံနှင့် မျောက်တို့သည် အရာဝတ္ထုတော်တော်များများ၏ လိုက်ဖက်မှု၊ နှိုင်းယှဉ်မှုများကို ပြုလုပ်နိုင်သည်ဟုဆိုသည်။ "တွေ့ရှိချက်အပေါ်မူတည်ပြီး တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်များကိုချမှတ်နိုင်တာဟာ မျောက်များရဲ့ သင်္ချာနှင့်ပတ်သက်တဲ့ တွက်ချက်မြော်မြင်တတ်မှုပင်ကိုဥာဏ်ပေါ် အခြေခံတယ်"ဟု ဒျူစ့်တက္ကသိုလ် သိပံ္ပဌာနမှ သုတေသီ ဂျက်ဆီကာကန်(တ)လွန်က သိပ္ပံဂျာနယ်ပလော့(စ)ဘိုင်အိုလိုဂျီထဲတွင် သူမ၏အမြင်ကို ဖော်ပြထားသည်။

"လူတွေဆီကဝေါဟာရတွေကို ထုတ်ဖတ်ကြည့်ပါလား၊ သူတို့လည်းမျောက်တွေလိုဘဲ လုပ်ဆောင်ကြပြီး သူတို့ရဲ့အချိန်တွေကို ကုန်လွန်စေရမှာဘဲဟု သူမကတယ်လီဖုန်းဖြင့် မေးမြန်းခန်းတွင်ပြောကြားခဲ့သည်။

သူမ၏လေ့လာမှုကို အကောင်အထည်ဖော်သည့် သဘောဖြင့် ဘောက်ဆာနှင့် ဖိန်းစတိန်းအမည်ရ မျောက်မနှစ်ကောင်ပါသည့် သင်္ချာအဖွဲ့နှင့် ဒျူစ့်တက္ကသိုလ်မှ ကျောင်းသား ၁၄ ဦးတို့၏ ယှဉ်ပြိုင်မှုကို သူမက ပြုလုပ်ခဲ့သည်။
Source: The Flower News


Powered by ScribeFire.