Friday, February 8, 2008

တန်ဘိုး

ယဉ်ကျေးရည်မွန်ခြင်းကို အပေါ်ယံလောက၀တ်ပြုမူခြင်းနှင့် ကွဲကွဲပြားပြားသိစေလိုပါသည်။ ယဉ်ကျေးရည်မွန်သော အမူအရာများ သည် `ကောင်းသောစရိုက်၊ ကောင်းသောစိတ်ထားပေါ်တွင် အခြေခံသည်။ ကောင်းသောစရိုက်သည် ကြင်နာခြင်း၊ စာနာတတ် ခြင်း၊ မေတ္တာထားခြင်းတို့ကို ဖြစ်တည်စေသည်။ စိတ်ထားသည် ထိုသူ၏တန်ဘိုးကို ဖော်ညွှန်းနိုင်ပေသည်။ ကြုံတွေ့လာသော အခြေအနေတို့အပေါ် ကောင်းမွန်စွာတုန့်ပြန်နိုင်သူသည် စိတ်ဓာတ်တန်ဘိုးပြည့်ဝသူပင်ဖြစ်သည်။ ကောင်းမွန်သောစိတ်ဓာတ် တို့ဖြင့် ကမ္ဘာလောကပတ်ဝန်းကျင်တစ်ခုလုံး ကြင်နာတရားပြည့်ဝသော လူ့ဘောင်သို့ ဦးတည်ကြရပေမည်။


Powered by ScribeFire.

No comments: