Monday, February 15, 2010

၂၀၁၀ ခုနှစ်ရဲ့ ပထမဆုံးသော အမှတ်တရနေ့





၂၀၁၀ ခုနှစ်ရဲ့ ပြည်ထောင်စုနေ့ကိုတော့ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ပါဘူး။
မီးမီးတို့ MNSST အဖွဲ့သားတွေ ပျော်ရွှင်စွာ ခရီးဆန့်ခဲ့တဲ့ အမှတ်တရလေးတွေပါ။ တော်တော်လေးပျော်ရွှင်ခဲ့ရပါတယ်။ မီးမီးတို့က အဲဒီနေ့မှာပဲခူးဘုရားဖူးဆိုပြီး လာကြတာ။
တိုက်တိုက်ဆိုင်ဆိုင် မီးမီးချစ်သူနဲ့လည်း ရွှေသာလျောင်းဘုရားပေါ်မှာ ဆုံးခဲ့ရပါသေးတယ်။ ပထမ မသွားခင်နေ့က ချစ်သူနဲ့ စကားများရပါသေးတယ်။ သူနဲ့ မလိုက်လို့၊ ကိုယ်နဲ့ မလိုက်လို့နဲ့ပေါ့။ သူလည်း သူရုံးကလူတွေနဲ့ လာခဲ့တာလေ၊ ရွှေမော်ဓောဘုရားနားက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို လာတာ။ ဆုံရမယ်မထင်တော့တဲ့အချိန်မှာ ဆုံလိုက်ရတော့ အရမ်းအံ့သြပြီး ပျော်ရွှင်မိပါတယ်။ အစ်မတွေနဲ့ တစ်လမ်းလုံးသီချင်းတွေ ဆိုရင်းလည်းပျော်ခဲ့ရပေမယ့် ချစ်သူနဲ့ မတွေ့တော့ဘဲ ပြန်လာရမယ်ဆိုရင်တော့ မီးမီးရဲ့ အပျော်က တစ်ဝက်တစ်ပျက်လေးဖြစ်နေမှာပါ။ မီးမီးရဲ့ စိတ်ကိုလည်း ကိုယ်ကိုယ်ကို ပြန်မြင်လာရပါတယ်။ ဒါပေမဲ့ မီးမီးရဲ့ ဆန္ဒတွေ အမှတ်မထင်ပြည့်ဝခဲ့ရတဲ့ ဒီနေ့လေးဟာ ၂၀၁၀ ခုနှစ်ရဲ့ ပထမဆုံးအမှတ်တရနေ့လေးပါ။ ဒီခရီးလေးကို သွားဖြစ်ခဲ့စေတဲ့ ချစ်သောဆရာမများနဲ့ အစ်မတွေကိုလည်း ကျေးဇူးတင်မိပါတယ်။ ဒီဓာတ်ပုံလေးကို အမှတ်တရရိုက်ပေးတဲ့ သူငယ်ချင်းလေးတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ဒီခရီးစဉ်လေးကအပြန်မှာတော့ ချစ်သူနဲ့မီးမီးလေးရဲ့ ကံကြမ္မာတိုက်ဆိုင်မှုကို လက်ခံလာမိပါတယ်.....

Wednesday, October 1, 2008

ငါ့ရဲ့ ပန်းတိုင်


မင်းလေးအတွက်ပေါ့
ဦးနှောက်ကို အိပ်စက်ချိန်တောင်
အနားမပေးဖြစ်ခဲ့
မပီဝိုးတ၀ါးအိမ်မက်တွေဘဲ ညစဉ်ဆက်ခဲ့

မင်းလေးအတွက်ပေါ့
ငါ့ စွမ်းဆောင်နိုင်စွမ်းကုန်ချိန်တောင်
ဇွဲမလျော့နိုင်ခဲ့
ကိုယ့် ကိုယ်ကိုအပြစ်တင်ခြင်းတွေနဲ့

မင်းလေးအတွက်ပေါ့
လိုအပ်ချိန်တိုင်း ရှိနေနိုင်တာတောင်
အသုံးမ၀င်နိုင်ခဲ့
ငါ တကယ် ရောင်းတန်းမ၀င်သူလား... အမေးတွေနဲ့

မင်းလေးအတွက်ပေါ့
ရေကုန်ရေခန်း ရုန်းကန်ရင်းတောင်
မနီးစပ်ခဲ့
ဆေးရောင်စုံ ဘ၀ရှင်သန်ခြင်းတွေနဲ့

မင်းရဲ့ မျက်ဝန်းစိမ်းအခြံအရံတွေကို
တစ်စိတ်လောက် ဖျောင်းဖျပေးပါ
ပြေးနေသူရယ်
ဒီမှာ..သေလုလု အဝေးက
လိုက်ရသူ ငါ့အတွက် ..။ ။

Tuesday, August 19, 2008

ရှင်သန်ခြင်းစနစ်ရဲ့ သီအိုရီ


တစ်မိုးအောက်တစ်ယောက်တဲ့လား ?????
အို ... ဘယ်တုန်းကပါလိမ့်
သူ့ မျက်ဝန်းစကား
ဝိုင်ချိုသောက်တုန်းကထင်ပါ့......
မဟုတ်သေးပါဘူး
ရီဝေေ၀တံလျှပ်ပုံရိပ် ......
ပသာဒအသံ........
သံသရာလည်နေတဲ့
အလျော်ပေးတာဝန်.....
ဖြစ်ထွန်းခြင်းနှင့် ကွယ်ပျောက်ခြင်းကြားက ဂီတ.........
ငုပ်လျှိုးနေတာလား ...
ကွယ်ပျောက်သွားတာလား ....
အလင်းနှစ်သန်းချီတဲ့ အတွေးတွေနဲ့ ပေါ့....

လူသားဆန်စွာ ပုစ္ဆာထုတ်မိတော့
ဖြေရသူရင်မှာ မွတ်သိပ်တင်းကျပ်
္က္က
ခုရော .... အရင်ကရော.......နောင်ရော.....

အဆက်ဆက်သိစိတ် မေးခွန်းတွေရယ်ကြောင့်
ခဏတာသွေးတက်
.......
ရေပွက်ပမာ ပျော်ဝင်ပျောက်
.......
ဒီလိုနဲ့
ကမ္ဘာကြီးက သူ့စံနှုန်းအတိုင်းလည်ပတ်လျက်ပေါ့


Friday, February 8, 2008

တန်ဘိုး

ယဉ်ကျေးရည်မွန်ခြင်းကို အပေါ်ယံလောက၀တ်ပြုမူခြင်းနှင့် ကွဲကွဲပြားပြားသိစေလိုပါသည်။ ယဉ်ကျေးရည်မွန်သော အမူအရာများ သည် `ကောင်းသောစရိုက်၊ ကောင်းသောစိတ်ထားပေါ်တွင် အခြေခံသည်။ ကောင်းသောစရိုက်သည် ကြင်နာခြင်း၊ စာနာတတ် ခြင်း၊ မေတ္တာထားခြင်းတို့ကို ဖြစ်တည်စေသည်။ စိတ်ထားသည် ထိုသူ၏တန်ဘိုးကို ဖော်ညွှန်းနိုင်ပေသည်။ ကြုံတွေ့လာသော အခြေအနေတို့အပေါ် ကောင်းမွန်စွာတုန့်ပြန်နိုင်သူသည် စိတ်ဓာတ်တန်ဘိုးပြည့်ဝသူပင်ဖြစ်သည်။ ကောင်းမွန်သောစိတ်ဓာတ် တို့ဖြင့် ကမ္ဘာလောကပတ်ဝန်းကျင်တစ်ခုလုံး ကြင်နာတရားပြည့်ဝသော လူ့ဘောင်သို့ ဦးတည်ကြရပေမည်။


Powered by ScribeFire.

Tuesday, February 5, 2008

ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ပါ

သင်၏ဦးနှောက်သည် သင့်ကိုငွေရှာပေးသော်လည်း သင်၏ခန္ဓာကိုယ်သည် သင်၏ဦးနှောက်ကို သယ်ပိုးထားရပေသည်။ သင်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကောင်းလေလေ၊ တစ်နည်းအားဖြင့် သင်၏ခန္ဓာကိုယ်သန်စွမ်းမှုမြင့်မားလေလေ သင်၏လုပ်ငန်းပိုင်း ဆိုင်ရာထုတ်လုပ်မှုစွမ်းအား၊ စွမ်းဆောင်ရည်တိုးတက်လာပြီး လုပ်ငန်းကိုဖိဖိစီးစီးလုပ်နိုင်လေလေဖြစ်သည်။
Source : How to become CEO by Jeffrey J.Fox


Powered by ScribeFire.

Monday, February 4, 2008

ပေါင်းရခက်သူများနှင့် အဆင်ပြေနည်း(၅)

တိတ်တခိုးရန်လိုတတ်သူ၊ နောက်ကွယ်မှအမနာပပြောရခြင်းကို အားသန်သူဖြစ်ရာ သူတစ်ပါးစိတ်အနှောင့်အယှက်ဖြစ်အောင် လှောင်ပြောင်သရော်တတ်သည်။
လူအများကြားတွင် ထိုသူနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုပါနှင့်။ တကယ်၍ သင့်အကြောင်းပြောဆိုနေခြင်းကို အခြားလူဆီမှ တဆင့်ကြားသိခဲ့ရပါက ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်သူတွေရဲ့ရှေ့မှားပြောခ့သည်ကို အသေးစိတ်မှတ်ထားပါ။ ထို့နောက်၎င်းနှင့် နှစ်ဦးချင်းတွေ့ပြီး ရင်ဆိုင်ဖွင့်မေးပါ။ ကိုယ်သည် ဝေဖန်ခံရဲတဲ့သူဖြစ်ကြောင်းပြောပြပါ။ တခြားသောသူများ၏ ဝေဖန်ချက်များကို လည်းပြောနိုင်ကြောင်း၊ ဒါပေမဲ့ တခြားသူများရှေ့တွင် မပြောရန်၊ တိုက်ရိုက်ဝေဖန်နိုင်ကြောင်း၊ ပြင်စရာရှိသည်ကို ပြင်မည်ဖြစ်ကြောင်းရှင်းပြလိုက်ပါ။ ထိုနည်းဖြင့် ၎င်းပြောချင်သလိုပြောနိုင်မည့်သူမဟုတ်ကြောင်းသက်သေပြလိုက်ပါ။


Powered by ScribeFire.

Thursday, January 31, 2008

ဘာကအဖြေဖြစ်လိမ့်မလဲ

တိမ်လိုလွှင့်နေတဲ့အတွေးမဲ့လူသား
သင်ရဲ့စံညွှန်းက
ရေချိန်ဘယ်လောက်များလဲ၊
သင်က...
ဘာအတွက်ဒီလောက်.......
အဓိပ္ပာယ်မဲ့နေတာလဲ၊

သင်ကိုအချိန်တွေက
နှောင့်ယှက်လိုက်ခြင်းလား၊
သင်ကိုဘယ်အရာက
ကယ်တင်နိုင်မလဲ ဖြစ်နိုင်မလား၊
သင်ကိုဘယ်အရာကများ
လွှမ်းမိုးနိုင်သလဲ၊

သင်က
ဒီလိုအဓိပ္ပာယ်မဲ့မှုကိုဘဲ
မျှော်လင့်ထားတာလား။
ဒါမှမဟုတ်
မမျှော်လင့်ရဲတော့တာလား
မမျှော်လင့်ချင်တော့တာလား။

နားမလည်သလို
နားလည်သလိုနဲ့
ဘာကအဖြေလဲ။








Powered by ScribeFire.